Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionary Sisters of Mary Help of Christians (MSMHC)

''ခရစ်ယာန်တို့အားမိုင်းမတော်မူသောသခင်မ၏ သာသနာပြုသီလရှင်များအသင်းဂိုဏ်း(MSMHC)''
" Missionary Sisters of Mary Help of Christians "
သမိုင်းအကျဉ်း
 
ခရစ်ယာန်တို့အားမှိုင်းမတော်မူသောမယ်တော်သခင်မ၏သာသနာပြုသီလရှင်များအသင်းဂိုဏ်းသည် 
Shillong ဆရာတော် Stephen Ferrando, SDB မှ အောက်တိုဘာ ၂၄ ၊ ၁၉၄၂တွင် တည်ထောင်ခဲ့ပြီး Guwahati, Assam ဟုခေါ်သော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင်
ပထမဉီးဆုံးသော နယ်ခံအသင်းဂိုဏ်းဖြစ်သည်။
 
ခေတ်ကာလအခြေအနေ၏ လက္ခဏာလိုအပ်ချက်များကို တုံ့ပြန်သောအားဖြင့် 
ဆရာတော် Stephen Ferrando သည် အရှေ့မြောက်ဒေသရှိ ဝေးလံခေါင်သီသောနေရာများသို့  
ဧဝံဂေလိတရားတော် ဟောပြောရန်၊ မြတ်သောအယူဝါဒသင်ကြားရန်၊ ဆေးကုသပေးရန်နှင့် ပညာရေးဝန်ဆောင်မှုများပေးရန်အတွက်
ဤအသင်းဂိုဏ်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
 
ထိုဒေသရှိ လူမျိုးနွယ်များ၏ ဆင်းရဲမွဲတေမှု၊ စာမတတ်မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကင်းမဲ့သော နေထိုင်မှုတို့ကြောင့်လည်း
ဆရာတော်ကြီးမှာ ဤအသင်းဂိုဏ်းအားတည်ထောင်ရန် စိတ်အားထက်သန်စေခဲ့သည်။ စစ်ပွဲဒဏ်ကြောင့် သာသနာပြုဘုန်းတော်ကြီးများနှင့် သူတော်စင်များအား
ထိုဒေသဆီကို လာရောက်ခြင်းအား တားဆီးပိတ်ပင်မှုများရှိခဲ့သောကြောင့်လည်း ဒေသခံများ၏အခြေအနေမှာ နှစ်ဆပင်ပိုမိုဆိုးရွားလာစေခဲ့ပါသည်။
 
ဒေသခံများအပေါ် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးအသိဗဟုသုတများကို မိမိတို့တတ်အားသမျှ ကြိုးစားလုပ်ဆောင်ပေးရန်
အမျိုးသမီး ကိုးယောက်တို့သည် သီလရှင်ဝတ်လာခဲ့ကြပြီး နောက်ပိုင်းတွင် အသင်းဂိုဏ်းတည်ထောင်ရန်အထိ ဉီးတည်လာကြခြင်းဖြစ်သည်။
ဆရာတော် Stephen Ferrando သည် ထိုသီလရှင်ကိုးပါးတို့အား ဆလေးရှင်းသီလရှင်များထံ အပ်နှင်းခဲ့ပြီး သူတို့၏အကြီးအကဲနေရာနှင့်ပုံသွင်းခြင်းအစီအစဉ်များကိုလည်း
တာဝန်ယူလုပ်ဆောင်ပေးရန် အကူအညီတောင်းခံခဲ့သည်။
 
၁၉၆၈ ခုနှစ်တွင် အကြီးအကဲချုပ်သီလရှင်ကြီး Nellie Nunes FMA အနားယူသောအခါ ဒုတိယအကြီးအကဲချုပ် သီလရှင်ကြီး Sr. Magdaline Surin MSMHC မှ အသင်းဂိုဏ်းကို ဉီးဆောင်ခဲ့ပြီး 
၁၉၇၀ ပြည့်နှစ်တွင်မူ Sr. Mary Rose Thapa အား MSMHC အသင်းဂိုဏ်း၏ပထမဆုံးသော အကြီးအကဲချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ 
၁၉၇၇ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အသင်းဂိုဏ်းသည် Pontifical Right ဖြစ်လာခဲ့ပြီး ၁၉၈၆ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ဆလေးရှင်းမိသားစုဝင်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
 
အသင်းဂိုဏ်းသည် ယခုအခါ အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၆ ခုရှိပြီး၊ အီတလီနိုင်ငံတွင် ကိုယ်စားလှယ် တစ်ပြည်နယ်နှင့် အာဖရိကနိုင်ငံတွင် ဒု-ကိုယ်စားလှယ် တစ်ပြည်နယ် တို့ရှိကြသည်။
အသင်းဂိုဏ်းသည် အိန္ဒိယ၊ အီတလီ၊ ဆွာဇီလန်၊ လေဆိုသို၊ တောင်ဆူဒန်၊
တောင်အာဖရိက (ဂျိုဟန်နက်စ်ဘတ်)၊ မိုဇမ်ဘစ်၊ အီသီယိုးပီးယား၊ အမေရိကန်ပြည်ထောင်စုရှိ ဟာဝိုင်အီကျွန်းများ၊ ဂျာမနီ၊ မြန်မာ၊ သီရိလင်္ကာနှင့် ပါပူဝါနယူးဂီနီ (PNG) တို့တွင်
စင်တာပေါင်း ၂၁၆ ဖွင့်လှစ်ထားပြီး အိန္ဒိယ၊ မြန်မာ၊ နာပါလ်၊ ဟာဝိုင် နှင့် လေဆိုသို တို့နိုင်ငံမှ လူမျိုးနွယ် ၈၀ ပါဝင်သော သီလရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
 
အသင်းဂိုဏ်းသည် အမျိုးသမီးများအတွက်နှင့် ရွာမှကလေးသူငယ်များအတွက် တရားဒေသနာတော်ဟောကြားခြင်းနှင့် အသင်းတော်၏မြတ်သောအယူဝါဒသင်ကြားပေးခြင်း
အစရှိသော သာသနာပြုလုပ်ငန်းများကို ပထမဉီးစားပေး လုပ်ဆောင်ကြပါသည်။ စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဩရထြီများ၊ ဆေးပေးခန်းများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊  
အသက်မွေးဝမ်းကျောင်းစင်တာများ၊ လေ့ကျင့်ရေးစင်တာများနှင့် HIV/AIDS ပြန်လည်ထူထောင်ရေးကျောင်းများတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်လျက်ရှိပြီး
အပယ်ခံလူတန်းစားများအတွက် နှင့် အခြေအနေမျိုးစုံမှ လူငယ်မောင်မယ်များအတွက်ပါ အဖက်ဖက်မှ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ခြင်းအားဖြင့်လည်း အသင်းဂိုဏ်းသည် အသင်းတော်ကြီးကို ဆက်ကပ်မှုပေးနေသည်။  
အသင်းဂိုဏ်းသည် မိမိတို့ကျောင်းပိုင်စာသင်ကျောင်းများနှင့် စီရင်စုပိုင်ကျောင်းများတွင် ဒွန်ဘော့စကို၏ ကြိုတင်ကာကွယ်ရေးစနစ်ဖြစ်သော ပညာရေးလမ်းစဉ်ကိုကျင့်သုံးကြပါသည်။ 
 
ခရစ်ယာန်တို့အားမှိုင်းမတော်မူသောမယ်တော်သခင်မ၏သာသနာပြုသီလရှင်များ (MSMHC)သည် 
ကလေးသာသနာပိုင်ဆရာတော် Feilx Lian Khen Thang ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတွင် ရောက်ရှိလာခဲ့ကြပါသည်။
ထိုသီလရှင်များမှာ -
Sr. Julie Mate
Sr. Mary Niang နှင့်
Sr. Simona Gualnam တို့ဖြစ်ကြသည်။
သူတို့သည် Sr. Christine Mynsong (General councilor of Evangelization) ၏ဉီးဆောင်မှုဖြင့် ဧပြီလ ၂၂ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် ကတိထားရာ မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်။
 
ပထမကွန်ဗင်ကျောင်းဖြစ်သော ကလေးမြို့ရှိ စိန့်မေရီ ကွန်ဗင်ကျောင်းမှ တာဝန်ကျသီလရှင်များသည် ဘေးပတ်ဝန်းကျင်ရှိ မိသားစုအိမ်ခြေ ၃၀၀ ကျော်ထံ သွားရောက်ပြီး ဆုတောင်းခြင်းများ
ပြုလုပ်နိုင်ခဲ့သည့်အပြင် Ferrando မူကြိုကျောင်းတွင် နှစ်စဉ် ကလေး အယောက် ၁၅၀ ခန့် ပညာသင်ကြားပေးနေပါသည်။ 
ယခုအချိန်အထိ 'Sujok ကုသမှု' မှတဆင့် လူနာပေါင်း အယောက် ၃၀၀၀၀ ကျော်ကိုလည်း ကူညီမှုပေးနိုင်ခဲ့သည်။ ထိုကျောင်းတွင်မူ အဆောင်နေတက္ကသိုလ်မိန်းကလေးလူငယ်များ ထားရှိပြီး
သူတို့၏ ပညာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ကျန်းမာရေးအသိဗဟုသုတများအပြင်
အင်္ဂလိပ်စကားပြောဆိုမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိပညာပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေပါသည်။
 
ဒုတိယကွန်ဗင်ကျောင်းဖြစ်သော တီးတိန်မြို့နယ်၊ Leitawhtan ရှိ Ferrando Convent ကျောင်းသည်
လွန်ခဲ့သည့် သုံးနှစ်ခန့် ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ တာဝန်ကျသီလရှင်များမှာ -
Sr. Sabina Kim
Sr. Julie Mate နှင့်
Sr. Bibiana Haulek တို့ဖြစ်ကြသည်။
 
ကက်သလစ်မိသားစု ၁၂ စုသာရှိသော Leitawhtan ရွာတွင် သီလရှင်များသည် ကက်သလစ်နှင့် ကက်သလစ်မဟုတ်သော မိသားစုများထံ သွားရောက်လည်ပတ်ခြင်း၊
နာရေးများတွင် ပါဝင်ဆုတောင်းပေးခြင်း နှင့် နာမကျန်းသူများအိမ်သို့နှစ်သိမ့်ကြည့်ရှုဆုတောင်းပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ 
ကက်သလစ်ကလေးငယ်များကို ဘုရားစကားသင်ကြားပေးသည့်အပြင် အိမ်နီးချင်းကလေးငယ်များအတွက်လည်း အင်္ဂလိပ်စကားပြောသင်တန်းများ ဖွင့်လှစ်ပေးပါသည်။ 
ဆလေးရှင်းမိသားစုအဖွဲ့ဝင်ဖြစ်သည့်အလျောက် Sunday Oratory ကိုလည်း ကလေးငယ်များအတွက် စီစဉ်ပေးခဲ့ပြီး ကလေးငယ်အယောက်ပေါင်း ၃၀ ဝန်းကျင်ခန့် ပုံမှန်လာရောက်ကြပါသည်။
သီလရှင်များသည် မိမိတို့၏ရည်မှန်းချက်ဖြစ်သော ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့် ပညာပေးခြင်းတို့အား ကျောင်းတွင်း၊ ကျောင်းပြင်များတွင် အမျိုးသမီးများအားစောင့်ရှောက်ခြင်း၊
မိန်းကလေးငယ်များနှင့် ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းအားဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။
 
MSMHC အသင်းဂိုဏ်းတည်ထောင်သူ
REV.STEPHEN FERRANDO ,S.D.B.,DD
 
၂၈၊ ၉၊ ၁၈၉၅ ခုနှစ် -Rossiglione (အီတလီ) တွင်မွေးဖွားခဲ့သည်။
၁၈၊ ၃၊ ၁၉၂၃ ခုနှစ် -Borgo San Martiono တွင် ရဟန်းသိက္ခာခံခဲ့သည်။
၂၃၊ ၁၂၊ ၁၉၂၃ ခုနှစ် -Shillong တွင် ရောက်ရှိခဲ့သည်။
၉၊၇၊ ၁၉၃၄ ခုနှစ် -Krishnagar သာသနာ၏ဆရာတော်အဖြစ် ခန့်အပ်ခံရသည်။  
၂၆၊ ၁၁၊ ၁၉၃၅ ခုနှစ် -Shillong သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
၂၃.၈.၁၉၆၉ ခုနှစ် -ဆရာတော်တာဝန်မှ အငြိမ်းစားယူခဲ့သည်။
၇၊ ၁၀၊ ၁၉၆၉ ခုနှစ် -အိန္ဒိယမှ အပြီးအပိုင်ထွက်ခွာခဲ့သည်။
၂၀၊ ၆၊ ၁၉၇၈ ခုနှစ် -ကွယ်လွန်အနိစ္စရောက်သည်။
၁၂၊၁၂၊၁၉၈၇ ခုနှစ် -သူ၏ရုပ်ကလာပ်ကို Shillong သို့ယူဆောင်လာသည်။
၁၉၉၅ ခုနှစ် -သူ၏နှစ်တစ်ရာမွေးနေ့ 
၃၊ ၁၀၊ ၂၀၀၃ ခုနှစ် -သူ၏ရဟန္တာတင်မြှောက်ခြင်းအစီအစဉ်စတင်ခဲ့သည်။
၃၊ ၃၊ ၂၀၁၆ ခုနှစ် -အကြည်အညိုခံထိုက်သူအဖြစ် ကြေညာခံရသည်။ 
၂၀၊ ၆၊ ၂၀၁၈ ခုနှစ် -သူ၏နှစ် ၄၀ပြည့်ကွယ်လွန်ခြင်းအထိမ်းအမှတ်။
၂၈၊ ၉၊ ၂၀၂၀ ခုနှစ် -သူ၏ ၁၂၅နှစ်မြောက် မွေးနေ့
 
အသင်းဂိုဏ်း၏သမိုင်းတွင် အရေးကြီးသောရက်စွဲများ
အသင်းဂိုဏ်းတည်ထောင်သည့်နေ့   -၂၄၊ ၁၀၊ ၁၉၄၂
အသင်းဂိုဏ်းတည်ထောင်ခွင့်စာရသည့်နေ့ -၂၀၊ ၇၊ ၁၉၄၅ 
အသင်းဂိုဏ်း Pontifical Right ဖြစ်လာသည့်နေ့ - ၂၁၊ ၃၊ ၁၉၇၇ 
ဆလေးရှင်းမိသားစုဝင်ဖြစ်လာသည့်နေ့ - ၈၊ ၇၊ ၁၉၈၆ 
အသင်းဂိုဏ်းချုပ် သည် Peachlnds မှ Guwahati သို့ရွှေ့ပြောင်းသည့်နေ့ -၂၃၊ ၁၊ ၁၉၉၃  
အသင်းဂိုဏ်းတည်ထောင်ခြင်းရွှေရတုဂျူဗလီပွဲနေ့   -၂၁၊ ၁၀၊ ၂၀၁၇
 
Emblem ၏ အဓိပ္ပါယ်
 
“သွား၍ သတင်းကောင်းကို ဟောပြောလော့။” (မာကု ၁၆း၁၅)
 
၁) သမ္မာကျမ်းစာ - ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကမ္မဋ္ဌာန်းထောက်ရှုခြင်းအားဖြင့် သာသနာပြုသီလရှင်များသည် ဉာဏ်အလင်းကျေးဇူးပြည့်ဝပြီး
နှုတ်ကပတ်တော်ဟောကြားသက်သေခံရန် သူတို့၏စိတ်ဆန္ဒနှင့်နှလုံးသားများကို ပုံသွင်းခြင်းကို သမ္မာကျမ်းစာက ကိုယ်စားပြုသည်။
 
၂) “M” စကားလုံးပါဝင်သော ဗောင်းသရဖူနှင့်တောင်ဝှေးတော် -ခရစ်ယာန်တို့အားမှိုင်းမတော်မူသောသခင်မကို ကိုယ်စားပြုသည်။
ခရစ်ယာန်တို့အားမှိုင်းမတော်မူသော သခင်မသည် သာသနာပြုသီလရှင်များအား လှို့ဆော်မှုပေးရာနှင့် အထူးကာကွယ်စောင့်ရှောက်သူ ဖြစ်သည့်အပြင်
သူတို့၏အမှုတော်နှင့် သူတော်စင်ဘဝသက်တာ၌ စံထားရာနှင့် လမ်းပြသူဖြစ်သည်။
 
၃) လက်ဝါးကပ်တိုင် -သခင်ခရစ်တော်ကို ကိုယ်စားပြုသည်။ မိမိတို့ဘ၀အသက်တာ၏ဗဟို၊ အချက်အချာဖြစ်တော်မူသော သခင်ခရစ်တော်ထံတော်မှ အလင်းတော်နှင့်
အမှုတော်ထမ်းဆောင်နေနိုင်ရန် ခွန်အားရယူသည်။ လက်ဝါးကပ်တိုင်သည် သာသနာပြုသီလရှင်များအား ဝိညဉ်များကယ်တင်ရန်အတွက် အမြဲအဆင်သင့်ဖြစ်ရမည့်အကြောင်း သတိပေးရာလည်းရောက်သည်။
 
၄) ကမ္ဘာလုံး -သာသနာပြုသီလရှင်များ၏သာသနာ့လယ်ကွင်းကို ကိုယ်စားပြုသည်။  
ခရစ်တော်၏ တရားဒေသနာတော်ဟောကြားခြင်းအားဖြင့် လူသားအားလုံးတို့သည် ဘုရားသခင်ထံ အရောက်ပို့ပေးနိုင်ရန်ဖြစ်သည်။  
 
၅) ကြယ်တာရာ -အသင်းဂိုဏ်း၏လမ်းပြကြယ်တာရာဖြစ်သော မယ်တော်သခင်မကို ကိုယ်စားပြုသည်။ အခက်အခဲများကြုံတွေ့ရချိန်၌
ကြယ်တာရာဖြစ်သော မယ်တော်ကို မော်ကြည့်ဖို့ရန်အတွက် St.Bernard က အကြံပြုထားပါသည်။
 

--သီလရှင်တစ်ပါးတက်လှမ်းရန်အဆင့်ဆင့်။

၁။Aspirants

၂။Postulants
၃။Novices
၄။Junior Sisters
၅။Senior Sisters
ဂျူဘလီရှင် စစ္စတာရ်တို့ဖြစ်ကြပါသည်။
 
ဆက်သွယ်ရန်လိပ်စာ
စိန့်မေရီကွန်ဗင့်
၁၆၈/၃ မေရီလင်း၊ လှိုင်သာယာ ရပ်ကွက်
ကလေးမြို့။ Phone---- 09421452412
ကလေ
 
 
Untitled Document
Total viewer: 345947